နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ (၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တတိယနေ့ တွေ့ဆုံဆွေးနွေး

တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး
ဖော်ဆောင်မှု ဗဟိုဌာနမှာ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှ ရရှိထားသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃)ပါ
သဘောတူညီချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

စတုတ္ထနေ့ဆွေးနွေးပွဲကို စက်တင်ဘာလ ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမယ်လို့ သိရှိရပါတယ်။