ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များအတွက် ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများ စာရင်းအား ကြေညာထား

၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများ
အနက် ဝင်ခွင့်ဖြေဆိုခွင့် ရရှိသူများ စာရင်းနှင့် ခုံအမှတ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page, Website, ကျန်းမာရေး
လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website, ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်ပညာ
ဦးစီးဌာန Website, လျှောက်လွှာလက်ခံသော တက္ကသိုလ် ၂၆ ခုတို့တွင် ကြေညာပြီးဖြစ်ပါတယ်။

ဝင်ရောက်ဖြေဆိုခွင့် ရရှိသူများအနေဖြင့် ၃၀-၉-၂၀၂၂ ရက်နေ့တွင် သားဖွားသင်တန်းကျောင်း၊ နေပြည်တော်၌ ပြုလုပ်မည့်
ဝင်ခွင့်လူတွေ့ နှုတ်မေးစာမေးပွဲသို့ လာရောက်ဖြေဆိုရန် ဖိတ်ခေါ်ထားတယ်လို့ သိရှိရပါတယ်။