တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

(၆၀) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာလ ၂၈
ရက်နေ့မှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်ပစ်ကွင်းမှာ ပြုလုပ်ခဲ့တာပါ။

ပြိုင်ပွဲဝင်အသင်း ၃၄ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အောက်တိုဘာလ ၁၂ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက မီတာ ၂၀ ပစ္စတိုထိလဲပြား သရုပ်ပြပစ်ခတ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သရုပ်ပြ
ပစ်ခတ်စဉ် အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။