ဒီကနေဖြေပေးလိုက်ပြီနော်….


AA ဘက်က စစ်သားရဲ့အတွင်းခံရရင်တောင် အာရကန်ဟီးရိုးကွဆိုပြီး လိုင်းပေါ်တက်ဂုဏ်ဆာနေတာ၊ ဒီလိုသာ ရကြည့် ရခိုင်ဂရုတွေမှာ “မကြောက်နဲ့မကြောက်နဲ့ ဘာမှမလုပ်ဘူး ဆေးကုပေးမယ် ထမင်းကျွေးမယ် မိသားစုဆီပြန်ပိုပေးမယ်” ဆိုပြီးမေးမြန်းနေတဲ့ ဂျင်း video file တွေ ပလူပျံနေလောက်ပြီ။ AA လော်ဘီ DMG Narinjara နဲ့ Weasten News မှာပုံတွေဝေဝေဆာဆာနဲ့ တင်နေလောက်ပြီပေါ့ဗျာ

မြေပြင်အမှန်မှာက အခုရက်ပိုင်း တပ်ဘက်က မတိုက်ဘဲ နေ့စဥ် ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ၎င်းတို့နေတဲ့နေရာတွေကို အကြီးတွေနဲ့ပတ်ချာလည်ထုနေတာနဲ့ ညစဥ် အပေါ်ကောင်တွေနဲ့ကျဲနေတာကြောင့် လူနာ ၄၀၀ နီးပါးပုံနေတယ်။ ရိက္ခာဖြတ်ခံထားရတာရယ် ခဲယမ်းကုန်နေတာတွေရှိတယ်၊ ဒီသတင်းတွေကြောင့် နယ်ခြားစောင့်တပ်နဲ့ နီးစပ်ရာ စစ်စခန်းတွေကို ဝင်လာနေကျတာတွေရှိသလို သူတို့အချင်းချင်းတွေလည်း ခေါင်းဆောင်ကိုပြန်ပစ်Tတ်တာတွေ ဆေးမရှိလို့ ကိုယ့်ကိုယ်ကို ပြန်ပစ်တာတွေရှိနေတာတွေကြောင့် စိတ်ဓာတ်ပျက်နေကျတယ်။

လူနာတွေအဲ့လောက်တောင်များလားမေးစရာရှိတယ်၊ ခုရက်ပိုင်း AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ဘူးသီးတောင်က တိုက်နယ်ဆေးရုံတွေကို ဝင်စီးပြီး ဆေးတွေနဲ့ ဆေးရုံသုံးပစ္စည်းတွေ ညတွင်းချင်းပတ်ခိုးသွားတာ အားလုံးပဲသိမှာပါ။ ရခိုင်လူမျိုးအရေးလုပ်တယ်ပြောပြီး ဒေသခံတွေဆေးကုစရာမရှိအောင် အရေးပေါ်ဒီလိုလုယုတာကိုကြည့်ရင် AA အောက်ခြေမှာဘယ်လောက်ဖွဲစည်းပုံပျက်နေပြီဆိုတာသိရပါလိမ့်မယ်။

DVB မှာတင်ထားတဲ့ သတင်းကအမှားပါ သက်ဆိုင်ရာကိုလည်းဖုန်းဆက်မေးပြီးပါပြီ။ ဘာကြောင့် AA ငွေပေးတင်ခိုင်းနေလဲဆိုတော့ သူတို့လူတွေစိတ်ဓာတ်ကျနေတာကို ကုစားဖို့ စိတ်ဓာတ်စစ်ဆင်ရေးအရ သတင်းမှားများဖြင့် ဝါဒဖြန့်နေတာလိုပဲ ပြောပါရစေ

ရိက္ခာခဲယမ်းမရှိဘဲ ကုန်းတွေကနေဆုတ်ခွင့်မပေးလိုသူတို့တွေ ဘယ်လိုပွဲပျက်နေလည်း ဆိုတာ AA အကောင့်တုတွေ တင်နေတာပဲကြည့်တော့။