မြန်မာပြည်တွင်းရေးကိစ္စများကိုဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးပြော

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသကိစ္စနှင့် ပက်သက်၍ မြန်မာပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာရှက်ဒူဇာမာန်ခန်းကာမာလ်မှ စက်တင်ဘာလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြိုရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးခန်းတွင် ပြည်ထဲရေးဝန်ကြီး အာရှက်ဒူဇာမာန်ခန်းကာမာလ် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တပ်မတော်ထိပ်တန်းခေါင်းဆောင်များ၊ ထောက်လှမ်းရေးအဖွဲအစည်းများမှ ခေါင်းဆောင်ပိုင်းများဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသကိစ္စနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
၎င်းအစည်းအဝေးတွင် နယ်စပ်၌ မြန်မာ့တပ်မတော်နှင့် AA အဖွဲတို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း၊ မိမိတိုနိုင်ငံ၏ အမျိုးသားရေး မူဝါဒသည် အိမ်နီးခြင်းနိုင်ငံများနှင့် ရန်ငြိုးဖွဲခြင်းမရှိပဲ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေးပင်ဖြစ်ပြီး၊ ယခု နှစ်နိုင်ငံနယ်စပ်၌ဖြစ်ပွားနေသည့် ပြဿနာများအပေါ် မိမိတိုအနေဖြင့် ဂရုစိုက်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်း၌ ဖြစ်ပွားနေသည့် ၎င်းတို၏ပြည်တွင်းရေး ကိစ္စများဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက် သွာမှာမဟုတ်ဘူးလို့ ဘင်္ဂလားသတင်းစာများ၏ ဖော်ပြချက်အရ သိရှိရပါတယ်။
crd.fb news