နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါသည် အသက် ၆၅ နှစ်အထက် ကြီးသူများတွင် လူ ၁၀၀၀ လျှင် ၃၄ ဦး ဖြစ်ပွား နေပါတယ်။ ၁၉၉၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ သေဆုံးရခြင်း အကြောင်းအရင်းများ၏ နံပါတ် ၆ နေရာတွင် ရှိသော်လည်း ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ နံပါတ် ၄ နေရာသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါတယ်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆေးလိပ်သောက်သုံးသူဦးရေ များစွာတိုးပွားလာလို့ပါ။ ၎င်းရောဂါဟာ အဓိကအားဖြင့် ဆေးလိပ်ကြောင့်ဖြစ်ပြီး ကာကွယ် ကုသ၍ရသော နာတာရှည် လေပြွန်ကျဉ်းရောဂါ ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

  • နာတာရှည် မောပန်းခြင်း
  • နာတာရှည် သလိပ်ထွက်ချောင်းဆိုးခြင်း (အနည်းဆုံး ၁ နှစ်အတွင်း ၃ လဆက်တိုက် ၂ နှစ်)
  • အသက်ရှူစဉ် တရွှီရွှီ အသံမြည်ခြင်း

ရောဂါသိရှိရန် ဆရာဝန်နှင့် ပြသ၍ ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း၊ အဆုတ်၏ လုပ်ဆောင်ချက်အား စက်ဖြင့် တိုင်းတာခြင်းများ ပြုလုပ်နိုင်ပါသည်။

ကာကွယ်ခြင်း

  • ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြည်ခြင်း
  • မီးသွေး/ထင်းမီးဖိုများ အသုံးပြုခြင်းမှ တတ်နိုင်သမျှ ရှောင်ကြည်ခြင်း
  • အာဟာရမျှတစွာ စားသုံးခြင်း

ကုသခြင်း

  • ဆေးလိပ်ဖြတ်ခြင်း
  • လေပြွန်ကျယ်စေသော ဆေးများ၊ အသက်ရှူလမ်းကြောင်းရောင်ရမ်းမှု ကျစေသော ဆေးများ၊ ၊ ပဋိဇီဝဆေးများအား ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးခြင်း
  • အောက်ဆီဂျင်ပေးခြင်း (မိမိအိမ်တွင်လည်း အောက်ဆီဂျင်ဆလင်ဒါ/အောက်ဆီဂျင်ပေးသည့် စက်ဖြင့် တစ်နေ့လျှင် အနည်းဆုံး ၁၅ နာရီခန့် အောက်ဆီဂျင်ပေးခြင်းသည် အဆိုပါနာတာရှည် လေပြွန်ရောင်ရောဂါ လူနာများ၏ လူနေမှု ဘဝ အရည်အသွေးကို မြင့်တက်စေပါတယ်။
  • အသက်ရှူလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်း။

 

၎င်းရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သော်လည်း ပျောက်ကင်းအောင် ကုသရန်မှာမူ ခက်ခဲပါသည်။

နာတာရှည်ရောဂါဖြစ်ခြင်းကြောင့် ဘဝအရည်အသွေး ကျဆင်းပြီး မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

အဆုတ်အား ကောင်းစေမည့် အစားအသောက်များကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက် ပါတယ်။