ရေးမြို့နယ်တွင် ပြည်သူများ သွားလာရေးအခက်အခဲဖြစ်စေရန် တံတားတစ်စင်းအား အကြမ်းဖက်သမားများက မိုင်းဖောက်ခွဲ

စက်တင်ဘာ ၂၁ ရက်
တနင်္သာရီတိုင်း၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီး ရေး-မော်လမြိုင်သွား ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၄/၁) နှင့် (၈၄/၂) ကြားရှိ နှင်းစုံတံတားအား ပြည်သူများသွားလာရေး အခက်အခဲဖြစ်စေရန် PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းအသုံးပြုဖောက်ခွဲခဲ့သဖြင့် နှင်းစုံကျေးရွာဘက်ခြမ်း တံတားအစပ် ကတ္တရာကြမ်းခင်းများ ကွာထွက်ခြင်း၊ ပေါက်ထွက်ခြင်းနှင့် တံတားအစပ် သံချောင်း ကောက်ကွေးခြင်းများ ဖြစ်ပွားခဲ့ပါတယ်…
တံတား၏ ဘယ်ဘက်ခြမ်းသည် ကောင်းမွန်ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာနိုင်ဟု သိရပါတယ်…