KNU+PDF အဖွဲ့က Drop ဗုံးချတိုက်ခိုက်ရာ ပြည်သူ ၁ ဉီးနေအိမ်သို့ ကျရောက်ပေါက်ကွဲပြီး၁၆ နှစ်အရွယ် ကလေး ၂ ဉီးသေဆုံး

ယနေ့ မေလ ၂၇ ရက် မနက် ၈ နာရီကျော်တွင် ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်းရွာကျေးရွာအနီး လမ်းလုံခြုံရေးဆောင်ရွက်နေသောအဖွဲ့အား KNU+PDF အဖွဲ့က Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

ဗုံးသီး ၂ လုံးမှာ လုံခြုံရေးအဖွဲ့ထံမကျပဲ ဒေါင်းရွာကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး စောဘခက်၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နွားစာကျွေးနေသော စောဘခက်၏တူ ၂ ဉီးဖြစ်သည့် ၁၆ နှစ်အရွယ် စောမိုးထက်၊ စောမိုးခါး ၂ ဉီးသည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အကြမ်းဖက်များ၏ မတိကျမသေချာသော ပစ်ခတ်တိုက်ခိုက်မှုများအကြား အပြစ်မဲ့ပြည်သူများ အသက်စတေးနေကြရခြင်းမှာ အလွန်ကြေကွဲဖွယ်ရာဖြစ်သည်။

crd