တရုတ်ဟက်ကာအဖွဲ့ အမေရိကန်အပေါ် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း Microsoft ကုမ္ပဏီက ထုတ်ပြန်

အနာဂတ်ကာလတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား နိုင်ငံရေးအဆင်မပြေမှုများ ဖြစ်ပေါ်လာပါက အမေရိကန်နှင့် အာရှပစိဖိတ်ဒေသတို့အကြား အရေးပါသည့် ဆက်သွယ်မှုများကို နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်နိုင်စေရန်အတွက် တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြုဟက်ကာအဖွဲ့များသည် ဆိုင်ဘာစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု microsoft နည်းပညာကုမ္ပဏီက မေလ ၂၆ ရက်နေ့တွင်သတိပေး ထုတ်ပြန်ထားပါတယ်။ တရုတ်ဟက်ကာများသည် ၂၀၂၁ ခုနှစ် အလယ်ပိုင်းမှစတင်ကာ ဆိုက်ဘာတိုက်ခိုက်မှုများကို အလေးထား လြပ်ဆောင်လာကြပြီး သတင်းစုဆောင်းရေးလှုပ်ရှားမှုများ အပါအဝင် လျှို့ဝှက် သူလျှိုလုပ်ငန်းများ ဆောင်ရွက်ခြင်း၏ အစိတ်အပိုင်းအဖြစ် ပစိဖိတ်ဒေသရှိ အမေရိကန်ပိုင် ဂူအမ်(guam) ကျွန်းအပါအဝင် အခြားသောနေရာများရှိ အရေးပါသည့်အခြေခံ အဆောက်အအုံ၊ အဖွဲ့အစည်းများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများဆောင်ရွက်လျက်ရှိသည်ဟု microsoft နည်းပညာကုမ္ပဏီ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

တရုတ်ဟာက်ကာများသည် အစိုးရဝန်ဆောင်မှုအခန်းကဏ္ဍများအပါအဝင် အခြားသောနယ်ပယ်များနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ရေးကြောင်းဆိုင်ရာ အဖွဲ့အစည်းများအား ပစ်မှတ်ထား ဆိုက်ဘာတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ Microsoft ကုမ္ပဏီ၏ ထိုကဲ့သို့ဖော်ပြချက်များသည် စွပ်စွဲချက်များသာဖြစ်ကြောင်း အမေရိကန်ရှိ တရုတ်သံရုံးက ကန့်ကွက်ထားပါတယ်။ တရုတ်အစိုးရဟာ ဟက်ကာအဖွဲ့များကို ကူညီထောက်ပံ့ပေး၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်၇ှိသည်ဟူသော စွပ်စွဲချက်များသည် သတင်းမှားသာ ဖြစ်ကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံရုံး၏ပြောရေးဆိုခွင့်ရှိသူ လုဖန်ယူ( liu pengyu) က ပြန်လည် ဖြေကြားထားပါသည်။ အမေရိကန်အနေဖြင့်လည်း သတင်းအချက်အလက်အမှားများကို ဖြန့်ဝေရန် နည်းလမ်းမျိုးစုံကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က တုံ့ပြန်ပြောဆိုထားသည်။