ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းတွင်စစ်ရေးအရ အောင်မြင်မှုမရနိုင်ကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ပြော

ရူရှားနိုင်ငံအနေဖြင့် ယူကရိန်းတွင်စစ်ရေးအရ အောင်မြင်မှုရရှိမည် မဟုတ်ကြောင်းနှင့် ယူကရိန်းတပ်ဖွဲ့များကလည်း ရုရှားတပ်ဖွဲ့များအား အချိန်တိုအတွင်း ပြန်လည် တွန်းလှန်နိုင်ဖွယ်မရှိကြောင်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလေ က ပြောကြားခဲ့ပါတယ်။ ယူကရိန်းအစိုးရကို ဖြုတ်ချလိုသည့် ရုရှားနိုင်ငံ၏ မဟာဗျူဟာရည်မှန်းချက်သည်လည်း အောင်မြင်မှု မရရှိနိုင်ကြောင်း ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးအဖွဲ့ အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင်များ ထောင်ပေါင်းများစွာရှိနေပြီဖြစ်သောကြောင့် ယူကရိန်းအနေဖြင့် ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်သိမ်းယူရေး ရည်မှန်းချက်မှာ မဖြစ်နိုင်ကြောင်း မီလေက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့်ပြေလည်မှုရရှိအောင် ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းကို အသုံးမပြုပါက စစ်ရေး နည်းလမ်းကိုသာဆက်လက်ရွေးချယ်သွားရမည်အခြေအနေတွင်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခတွင် နှစ်နိုင်ငံစလုံးသည် ပြတ်ပြတ်သားသားအောင်ပွဲခံနိုင်ရန် အနေအထားမရှိသည့်အပြင် ညှိနှိုင်းဆောင်ရွက်ခြင်းများ မရှိသည့်အတွက် တိုက်ပွဲများ အရှိန်အဟုတ်မြင့်လာနိုင်ကြောင်း မီလေက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါတယ်။