မင်္ဂလာရှိသော နံနက်ခင်းပါ

အထင်သေးခဲ့တဲ့သူကိုလည်း
ကျေးဇူးတင်ပါတယ် ။

ကဲ့ရဲ့ခဲ့တဲ့သူကိုလည်း
ဒေါသမထွက်တော့ပါဘူး ။

နိမ်တတ်တဲ့သူကိုလည်း
မေတ္တာမပျက်တော့ပါဘူး ။

ချောင်ထိုးခဲ့တဲ့သူတွေကိုလည်း
အပြစ်မတင်တော့ပါဘူး ။

တိုက်ခိုက်တဲ့သူတွေကိုလည်း
မနာကျည်းတော့ပါဘူး ။

သူတို့ကြောင့်…
အရာရာမှာနေတတ်ခဲ့ပါပြီ ။

လူဆိုတာဟာ
မအောင်မြင်ကြသေးခင်မှာ

သည်းမခံနိုင်ဘူးဆိုရင်
အကြိမ်ကြိမ်ရှုံးနိမ့်ကြရမှာပါ ။

ကိုယ့်အပေါ်မှာ
စိတ်ထားမကောင်းတဲ့သူတွေဟာ

ကိုယ့်ဘဝရဲ့အောင်မြင်မှု
အစိတ်ပိုင်းတွေလို့သဘောထားပြီး

အသုံးချတတ်မယ်ဆိုရင်
ကိုယ့်အတွက်ကောင်းပါတယ် ။

လောကဓံတွေဟာ
မိမိရဲ့ရန်သူတွေမဟုတ်ပါဘူး ။

ကိုယ့်ရဲ့စိတ်အရည်အသွေး
ခိုင်မာမှု ရှိမရှိ လေ့ကျင့်ပေးတဲ့
နည်းပြဆရာတွေသာဖြစ်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏