အကြမ်းဖက်သမားများ ‌ထောင်ထားသောမိုင်း နင်းမိ၍ ၁ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ

မေလ ၂၄ ရက်နေ့ ၁၆၃၀ နာရီချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သည့် ဦးချန်ကီးယာန်း (၅၀) နှစ် နှစ်သည် နေအိမ်မှ ထွက်သွားခဲ့ရာ မေလ ၂၅ ရက်နေ့ထိ နေအိမ်သို့ ပြန်လည် ရောက်ရှိခြင်းမရှိသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မန်ဒွေးမှ အသိမိတ်ဆွေများဖြစ်ကြသော ဦးဇဗျက်ထောင်၊ မောင်အောင်သီဟ၊ မောင်ဗန်ကျုံးထန်၊ ဦးဗန်ရှန်လျန်၊ ဒေါ်ရွှေမာန်းတို့အား အကူအညီတောင်းခံ၍ သွားရောက်ရှာဖွေခဲ့ရာ ၁၄၄၅ နာရီတွင် ဟာခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ Seven One Private School (လူငယ်ဖွံ့ဖြိုးရေးဂေဟာ) အနီးတွင် ဦးချန်ကီယာန်း အားတွေ့ရှိရပြီး နင်းမိုင်း ၁လုံးအား နင်းမိပေါက်ကွဲကာ ဖြေထောက်ပြတ်ထွက်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး ဒေါ်မန်ဒွေး နှင့် ၆ ဦးမှ သွားရောက်သယ်ဆောင်စဉ် သေဆုံးသူအနီးမှ နငိးမိုင်း ၁ လုံးအား ထပ်မံနင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၅ ဦးတွင် ဒဏ်ရာများရရှိခဲ့ပြီး ဦးဇဗျက်ထောင် (၄၀) နှစ်မှာ ယာခြေကျင်းဝတ်ပြတ်ထွက် ဒဏ်ရာဖြင့် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ…

photo/ အဟောင်း