နေ့စဉ်မှုခင်းသတင်းများ

-မေလ ၂၄ ရက်နေ့ ၁၉၃၀ နာရီချိန်တွင် ကန့်ဘလူမြို့နယ်၊ ပျဉ်းတော်ကျေးရွာတွင်နေထိုင်သော ဒေါ်တင်မာ(၆၅) နှစ် နှင့် မြေးဖြစ်သူ မောင်ကောင်းချစ်လင်း(၁၄) နှစ်တို့ ၂ ဦးသည် နေပြည်တော်မှ ဆေးကုသပြီး ရန်ကုန်-တန့်ဆည်ပြေးဆွဲသော နယူးစိန်ဌေးလှိုင် EXPRESSကားဖြင့် ပြန်လာစဉ် ၂၅ ရက်နေ့ ၀၇၀၀ နာရီချိန် ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာအရောက်တွင် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်မှ တားဆီးစစ်ဆေးပြီး ၎င်းတို့ (၂) ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်..

-မေလ ၂၅ ရက်နေ့ ၁၇၀၀ နာရီချိန်တွင် နန်းယွန်းမြို့နယ်၊ လခြမ်းကျေးရွာတွင် နေထိုင်သော ဦးဝင်းအောင်(၅၄) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မူကန် (၅၂) နှစ်တို့သည် လခြမ်းကျေးရွာမှ ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာသို့ ဆိုင်ကယ်ဖြင့်ထွက်ခွာလာခဲ့ရာ တိုက်တီးကျေးရွာနှင့် လခြမ်းကျေးရွာကြားအရောက် အကြမ်းဖက်သမားများက လမ်းဘေးခြုံပုတ်အတွင်းမှ လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးဝင်းအောင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်မူကန်တွင် ယာလက်မောင်း ကျည်ရှပ်ထိဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ..

-မေလ ၂၅ ရက်နေ့ ၁၁၀၀ နာရီချိန်တွင် ငါန်းစွန်မြို့နယ်၊ သရက်ချိုပင်ကျေးရွာတွင် နေထိုင်သော ဦးထွန်းဝေ(၆၅) နှစ် နှင့် ညီဖြစ်သူ ဦးမြင့်ငွေ (၄၉) နှစ်တို့သည် ၎င်းတို့ပိုင်ဆိုင်သော လယ်တွင်လယ်ထွန်နေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သောကြောင့် ဦးထွန်းဝေမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..