ကလေးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား ဖမ်းဆီးရမိ

ကလေးမြို့၊ ပင်လုံရပ်ကွက်၊ စင်္ကြာလမ်း၌ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသော ဆန်းလင်း အား ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ ဘိန်းဖြူ ဖြူ/အဝါရောင် စပ်ကြားအမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူး၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁ ထုပ်၊ နှင့် ဖုန်း ၁ လုံး တိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဆက်စပ်တရားခံဖြစ်သော ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သန့်ဇင်ထွန်း အားတွေ့ရှိခဲ့ပြီး ၎င်းနေအိမ် အိပ်ခန်းအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားပါ ၁ ထုပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်ထားသော ကော်ဘူး ၁ ဘူး၊ မီးခြစ် ၁ လုံး၊ ခဲပြားအပိုင်းအစ ၂ ခု၊ ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိ တရားခံ ၂ ဦးအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။