ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ယူကရိန်း MiG-29 တိုက်လေယာဉ်ကိုပစ်ချခဲ့

ယူကရိန်းအထူးစစ်ဆင်ရေးအတွင်း ရုရှားလေတပ်သည် ယူကရိန်း MiG-29 တိုက်လေယာဉ်တစ်စင်းကိုပစ်ချပြီး အမေရိကန်လုပ် HIMARS ဒုံးပျံစနစ်၏ ဒုံးကျည် ၁၆ စင်းကို ကြားဖြတ်ပစ်ခတ်ခဲ့သည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကိုနာရှန်ကော့ဗ်က မေလ ၂၄ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒိုးနက်စ်ပြည်သူ့သမ္မတနိုင်ငံရှိ ဂရိဂိုရိုကာ အခြေချနေထိုင်ရာဒေသရှိ ယူကရိန်း လေတပ်မှ MiG-29 တိုက်လေယာဉ်တစ်စင်းအား လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ဖြင့်ပစ်ချခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၎င်းတို့သည် HIMARS ဒုံးကျည်ပစ်လွှတ်မှုစနစ်၏ ဒုံးပျံ ၁၆ စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့ဝင် ၄၀ ကျော်၊ ကုပ်ပြန့်နယ်မြေရှိ ဟောင်ဝစ်ဇာ ၂ လက်ကိုဖျက်ဆီးခဲ့ပြီး ရန်သူအဖျက်သမားအုပ်စုနှစ်စုကိုလည်း ချေမှုန်းခဲ့ကြောင်း ကိုနာရှန်ကော့ဗ်က ဆက်လက်ပြောကြားခဲ့ပါသည်။

ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတိုက်ခိုက်ရေးလေယာဉ် ၄၂၉ စင်း၊ ရဟတ်ယာဉ် ၂၃၅ စင်း၊ မောင်းသူမဲ့ လေယာဉ် ၄၂၉၃ စင်း၊ လေယာဉ်ပစ်ဒုံးကျည်စနစ် ၄၂၄ လက်၊ တင့်ကား ၉၂၉၅ စီးနှင့် အခြားသံချပ်ကာတိုက်ခိုက်ရေးယာဉ်များ၊ အတွဲလိုက် ဒုံးပစ်လောင်ချာ ၁,၁၀၀ လက်နှင့် အထူးစစ်သုံးမော်တော်ယာဉ်များအားဖျက်ဆီးခဲ့ကြောင်း ကိုနာရှန်ကော့ဗ်က ပြောကြား ခဲ့ပါသည်။