အမေရိကန်က ယူကရိန်းကို $၂၈၅ သန်းတန် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်ရောင်းချရန်အတည်ပြု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်( Joe Biden) သည် ယူကရိန်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၈၅ သန်းတန်ကြေးရှိ မြေပြင်မှဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ် ( NASAMS) ရောင်းချသွားရန် အတည်ပြုခဲ့ကြောင်း Anadolu Agency သတင်းဌာနက မေလ ၂၄ ရက်တွင်ဖော်ပြခဲ့ပါတယ်။ ၎င်းတွင် NASAMS စနစ်အပါအဝင် AN/MPQ64F1 ကင်းထောက်ရေဒါ၊ ဒုံးကျည်ပစ်လွှတ်ရေးစင်တာ၊ ဆက်သွယ်ရေးစက်များ၊ အာရုံခံကိရိယာများအပြင် အခြားသောဆက်စပ်ပစ္စည်းများနှင့် အမေရိကန်အစိုးရ၏ နည်းပညာပံ့ပိုးကူညီမှုများပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( Defense Security Cooperation Agency- DSCA) က ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။