၃ ရက်အတွင်း ကျောင်းအပ်နှံသူ (၇ သန်း ၈ သိန်း) ကျော်ရှိပြီဖြစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသတင်းပတ်၏ တတိယနေ့ဖြစ်သော (မေ ၂၅ ရက်)တွင် ကျောင်းသား၊ ကျောင်းသူ (၃) သန်းကျော် (၃၇၅၃၄၉၁) ဦး လာရောက်၍ ကျောင်းအပ်နှံခဲ့ကြကြောင်း သိရှိရပြီး မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျောင်းအပ်နှံသူ ၄ သန်းကျော် (၄၀၇၃၃၆၀) ဦး လာရောက်၍ ကျောင်းအပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့ ၃ ရက်အတွင်း ကျောင်းအပ်နှံသူ ၇ သန်း ၈ သိန်းကျော် (၇၈၂၆၈၅၁) ဦးရှိခဲ့ပြီး စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့ပေးလျှက်ရှိပါတယ်။

crd mhtnews