အတိတ်နိမိတ် ယုံကြည်မှု

ပုထုဇဉ်မှန်သမျှ
နိမိတ်ကောက်တဲ့သူတွေ များတယ်.‌ မျက်ခုံးလှုပ်ရင် လာဘ်ရမယ်. လက်ဖဝါးယားရင် ပိုက်ဆံရမယ်လို့ နိမိတ်ကောက်ကြတယ်. အိမ်မြှောင်စုတ်ထိုးတာ ငှက်မြည်တာ ခွေးဟောင်တာမကျန် ပုထုဇဉ်က နိမိတ်ကောက်ကြတယ်. နိမိတ်ကောက်တဲ့အတိုင်းမှန်သွားရင် ဒီဟာမြင်လို့ ဒီအသံကြားလို့ဆိုပြီး ယူဆသွားတတ်တယ်. ဒီအကျိုးတရားဟာ ငါပြုလုပ်ဖူးတဲ့ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသားသိဖို့လိုတယ်. ဒီအတိတ်နိမိတ်ကြောင့် ဒီလိုဖြစ်ရတာပဲလို့ ယုံကြည်မိရင်တော့ ” မဂင်္လိကဒိဋ္ဌိ” လို့ခေါ်တယ် အယူမှားမိစ္ဆာဒိဋ္ဌိပဲ.

(ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ)