နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပျံလွန်တော်မူ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တ လေးမြို၊ဗန်းမော်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ(ဗန်းမော်ဆရာတော်)ကြီးသည် သာသနာတော်နှစ် (၂၅၆၇)ခု ခရစ်နှစ်(၂၅.၅.၂၀၂၃)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ခု နယုန်လဆန်း ၇ ရက်နေ့ (ကြာသပတေးနေ့) ည(၁၁နာရီ၁၁မိနစ်)အချိန်တွင်ဘဝနတ်ထံသို့ပျံလွန်တော်မူသွားကြောင်းသိရပါတယ်။