ရှေ့တန်းမှာစစ်သည်တစ်ဦးကို ပကာသနမပါဘဲ မိန်းမလိုက်တောင်းပေးမှု

မိန်းမတောင်းတာတွေ ခေတ်စားနေတော့ ခေတ်မီသွားအောင် တပည့်ကျော်အတွက် မိန်းမလိုက်တောင်းပေး
ရောမရောက်တော့လဲ ရောမလို ကျင့်ရတာပေါ့
၃ ယောက်မြောက်ဆိုတော့ အတွေ့အကြုံကရနေပြီ😎
သတို့သမီးအတွက် တင်တောင်းတဲ့ ပစ္စည်းစာရင်းပြောတော့ သတို့သမီးအမေခမျာ မျက်ရည်တွေဝိုင်းလို့😁
-တိုက်ခန်း ၁ ခန်း
-ဘဏ်စာအုပ် ၁ အုပ်
-အစုရှယ်ယာ ၄၀ စု
-အခမဲ့ဆေးကုသခွင့် (မိဘများပါအပါ)
-အခမဲ့ စိတ်ကြိုက်ကလေးမွေးခွင့်
-လစဥ် ရေ၊မီး အခမဲ့
-လစဥ်ရပိုင်ခွင့်များ
-နှစ်စဥ်ရပိုင်ခွင့်များ
-ဝတ်စုံ ၃ စုံ
-စိုက်ပျိုးမွေးမြူရန်အတွက် လုံလောက်သောမြေကွက်
-အိမ်ထောင်ပရိဘောဂများ
-သက်သာသောနှုန်းထားဖြင့် အသား၊ငါး၊ကုန်ပစ္စည်းများ ဝယ်ယူခွင့်ပြောနေရင်းနဲ့ အသံဝင်သွားလို့ အခြားရပိုင်ခွင့်များ နောက်မှပြောတော့မည်ဟုဆိုကာ တောင်းရမ်းခြင်းအမှုအား အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့လို့ သတိုးသားနဲ့သတိုးသမီး ပီတီအပြုံးတွေက ကြည်နူးစရာလေးတွေ။

crd

သွားရောက်တောင်းရမ်းဖို့ ပြင်ဆင်နေကြပြီ။

ရွှေကြိုး/ငွေကြိုးတားနေတဲ့ အန်တီကြီး

သတိုးသားကြီးကတော့ ရင်ထဲမှာကြိတ်ပျော်နေလေပြီ..