အကြမ်းဖက်တိုက်ခိုက်မှုများတွင် အသုံးများလာသည့် Drone အန္တရာယ်

ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်လာတာနှင့်အမျှ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ စစ်ရေးစတဲ့ကဏ္ဍတွေမှာ လူစွမ်းအားအရင်းအမြစ်တွေအစား စက်ပစ္စည်းတွေကို အစားထိုး အသုံးပြုလာတာကို တွေ့ရပါတယ်… တစ်ဖက်က ကြည့်မယ်ဆိုရင် အဆိုပါ ကဏ္ဍတွေမှာ လူတွေကိုထိခိုက်စေမယ့် အရာတွေရှိနေတာကြောင့် စက်ပစ္စည်းကို အစားထိုးအသုံးပြုလာနိုင်တာဟာ ကောင်းတဲ့ ကိစ္စတစ်ရပ်လို့ပဲ ယူဆမိပါတယ်…

ဒီလိုပဲ လူအရင်းအမြစ် အစားထိုးဆောင်ရွက်တဲ့နေရာမှာ Drone လို့ခေါ်တဲ့ အဝေး ထိန်းစနစ်ဖြင့် ပျံသန်းနိုင်သည့် စက်ကရိယာတစ်မျိုး(အခေါ်အဝေါ်ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်) ကိုလည်း အသုံးများလာပါတယ်..

လက်ရှိမှာတော့ Drone တွေကို စိုက်ပျိုးရေး၊ အစီအစဉ် ရိုက်ကူးရေး၊ လုံခြုံရေးစတဲ့ ကဏ္ဍတွေအပြင် စစ်ဘက်နယ်ပယ်မှာလည်း အသုံးပြုလာကြပါတယ်…

စစ်ဘက်နယ်ပယ်မှာတော့ Drone တွေကို တိုက်ခိုက်ရေးလှုပ်ရှားမှုလုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်း၊ ရှာဖွေထောက်လှမ်းခြင်း အစရှိတဲ့ လုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်…

Drone ရဲ့စွမ်းဆောင်ရည် အနေနဲ့ကတော့ လက်ရှိအသုံးပြုနေတဲ့ ပဲ့ထိန်းဒုံးကျည်တွေ လိုမျိုး တိကျတဲ့ပစ်မှတ်များကို မှန်ကန်အောင် ပစ်ခတ်နိုင်တဲ့အပြင်… ထုတ်လုပ်မှု ကုန်ကျစရိတ်နည်းတဲ့ အဖိုးနည်းနည်းနဲ့ အသေခံ Drone အဖြစ် အသုံးပြုနိုင်တာ ကိုလည်း တွေ့ရပါတယ်…

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကြည့်လိုက်မယ်ဆိုရင် လည်း အကြမ်းဖက် PDF အဖွဲ့တွေဟာ ပြည်ပနိုင်ငံတွေရဲ့ အကူအညီနဲ့ နည်းပညာ တတ်ကျွမ်းတဲ့ လူငယ်တွေကို လက်လုပ် လက်နက်သင်တန်းတွေပေးတယ် အဲ့သင်တန်း ကနေပြီးလာတဲ့ အကြမ်းဖက်တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့နေရာမှာ Drone တွေသုံးပြီးတိုက်ခိုက်လာတာကို တွေ့ရပါတယ်…

အကြမ်းဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သူတို့မှာ Drone တပ်ဖွဲ့တွေဖွဲ့ထား တယ်၊ ၂၀၂၂ ခုနှစ်အတွင်းမှာလည်း ကရင်၊ ကယား၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီး တွေမှာ Drone တိုက်ခိုက်မှု ၆၄၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်… အကြမ်ဖက်အဖွဲ့တွေဟာ လက်ရှိ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ Drone တွေနဲ့ အသေခံ Drone တွေ တီထွင်ဖို့ကြိုးစားနေတဲ့ Video File တွေ တွေ့ရပါတယ်…

ဒီနောက်ပိုင်းမှာ အနောက်နိုင်ငံတွေရဲ့ နည်းပညာအကူအညီတွေ၊ အမေရိကန် NDAA ဥပဒေမှာပါတဲ့ BURMA ACT အရ (လက်နက်မဟုတ်သည့် အကူအညီလို့ဆိုထား) အမေရိကန်ဒေါ်လာ ၄၅ မီလီယံထောက်ပံ့ပေးမယ်ဆိုတာတွေက အကြမ်းဖက်တွေသုံးဖို့ Drone ဖန်တီးပေးမယ့် အစီအစဉ်ဖြစ်လာနိုင်ပါတယ်… ဒီလိုသာ ဖြစ်လာမယ်ဆိုရင် အကြမ်းဖက်တွေဆီမှာ အင်အားပြင်းတဲ့ လက်နက်တွေရှိလာပြီး အရေးကြီးတဲ့ပစ်မှတ် တွေကိုပါ တိုက်ခိုက်လာနိုင်တယ်၊ နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်ထုတ်လာနိုင်တဲ့ အနေအထားသို့ ရောက်ရှိလာနိုင်ပါတယ်…

မြန်မာ့တပ်မတော်အနေနဲ့လည်း Drone ရန်ကို တန်ပြန်ကာကွယ်နိုင်ဖို့အတွက် နည်းပညာ လေ့လာဆန်းသစ် တီထွင်ဖို့လိုမယ်၊ နည်းပညာမြင့်ကာကွယ်ရေးပစ္စည်းများ သုံးစွဲဖို့လိုမယ်၊ Drone ကို ကိုယ့်ဘက်ကနေ နည်းဗျူဟာမြောက် တန်ပြန်အသုံးပြု နိုင်မယ့် နည်းလမ်းတွေ ရှာဖွေရမယ်၊ အလွယ်အနေနဲ့ကတော့ ကာကွယ်ရေးဆန်ခါ ပိုက်ကွန် တွေသုံးလို့ရမယ်၊ နောက်ပြီး ဒရုန်းအသုံးပြုမှုနှင့် ပတ်သက်သည့် ဥပဒေ တွေကိုလည်း သေချာပြဋ္ဌာန်း ကြပ်မတ်ဖို့လိုမယ်လို့ ရေးသားလိုက်ရပါတယ်…