ရခိုင်ပြည်နယ်ရှိ mobile စခန်း ၉၇၆ ခု ပြန်လည် ပြုပြင်ပြီးဖြစ်

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးစခန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတိုမှ လာရောက်သည့် ဆက်သွယ်ရေးဝန်ထမ်း စုစုပေါင်းအင်အား ၄၀၀ ကျော်ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ရာ မေလ ၂၄ ရက်အထိ မိုဘိုင်းစခန်း စုစုပေါင်း ၉၇၆ ခု စခန်းပြန်လည် ပြုပြင်နိုင်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးနိုင်နေပြီဖြစ်ကြောင်း သိရသည်။