သံဖြူဇရပ်မြို့နယ်၌ လေပြင်းတိုက်ခိုက်သဖြင့် လူနေအိမ်များ ပျက်စီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ နှင့် ပတ်ဝန်းကျင်တစ်ဝိုက်၌ မေလ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်မှ ၄ နာရီထိ ၁ နာရီလျှင် ပျမ်းမျှလေတိုက်နှုန်း ၃၀ မိုင်ခန့်ဖြင့် လေပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် ရသေ့တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်ရှိ  ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ လူနေအိမ် ၂၁ လုံးတို့မှာ အမိုးလန်၍ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါနေရာများအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ  သွားရောက်၍ လိုအပ်သည့်ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။