ကျောင်းအပ်လက်ခံနေတဲ့အတွက် အစာမကြေဖြစ်နေတဲ့ အကြမ်းဖက်များ

ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ အမှတ် (၈ ) အခြေခံပညာ အထက်တန်းကျောင်းမှာ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ကျောင်းသား မိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ ကျောင်းအပ်လက်ခံနေတဲ့အချိန် ကျောင်းအပြင်ဘက် လမ်းပေါ်ကနေ ဆိုင်ကယ်ဆီးလာတဲ့သူ ၂ ယောက် (စီစစ်ဆဲ) က သေနတ်နဲ့ ၆ ချက် ပစ်ခတ်သွားခဲ့ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် အထိတ်တလန့်ဖြစ်ရုံမှတပါး အခြား ထိခိုက်တာ မရှိဘူး ” လို့သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊ မြိုင်မြို့ ၊ အမှတ် (၂ )အခြေခံပညာ အထက်တန်းကျောင်းမှာလည်း ဒီကနေ့ မွန်းလွဲ ၁၂ နာရီကျော်က ကျောင်းအပ်လက်ခံနေချိန် PDF အကြမ်းဖက်သမားများက ဒရုန်းများအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးတာတွေရှိကြောင်းလည်းသိရပါတယ်။