မေလ ၂၄ ရက်နေ့ လက်လုပ်မိုင်းတွေ့ရှိ/ပေါက်ကွဲမှုများ

-မေလ ၂၃ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် အကြမ်းဖက် KIA/PDF များမှ ၄၀ မမဖြင့် ၃ ချက် လာရောက်ပစ်ခတ်ခဲ့ရာ မစဖရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့်အငယ်တန်းစာရေး ဦးဟိန်းထက်အောင်(၂၈) နှစ်သည် ရင်ဘတ်၊ ယာပေါင် ဒဏ်ရာများရရှိခဲ့ပြီး မော်တော်ယာဉ်များလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၃ ရက်နေ့ မနက် ၁ နာရီခန့်တွင် ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-နတ်သံကွင်းကားလမ်းပေါ်ရှိ ကွန်ကရစ်အမျိုးအစား အင်သပေါက်တံတားအား အကြမ်းဖက် PDF များမှ ဖောက်ခွဲဖျက်စီးခဲ့သဖြင့် လူနှင့်ဆိုင်ကယ်များသာ သွားလာနိုင်ပြီး မော်တော်ယာဉ်များ သွားလာ၍ မရကြောင်း သိရှိရ..

-မေလ ၂၃ ရက်နေ့ နေ့လည် ၁ နာရီ ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာတွင် နေထိုင်သော ရဲပိုင်ဦး(၃၆) နှစ်သည် လယ်ကွင်းမှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကညင်ကျိုးကျေးရွာအရောက်၍ အကြမ်းဖက်သမားများ ထောင်ထားသော မိုင်းအား နင်မိပေါက်ကွဲခဲ့သဖြင့် ရဲပိုင်ဦးတွင် ဝဲခြေထောက်မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ..