ကိုဗစ် ဆေး အလုံး ၁ သန်း လှူဒါန်းမည်ဟု ကမ္ဘောဒီးယားကြေညာ

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အလုံး တစ်သန်း လှူဒါန်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေ ၂၄ ရက်တွင် ကြေညာထားသည်။

အဆိုပါ ကာကွယ်ဆေးများကို လာမည့် မေလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး Youk Sambath က အတည်ပြုပြောဆိုထားသည်။

COVID 19 တိုက်ဖျက်ရေးအတွက် ကမ္ဘောဒီးယားအစိုးရက မြန်မာနိုင်ငံသို လှူဒါန်းသည့် ယခုလှူဒါန်းမှုသည် တတိယအကြိမ်မြောက် လှူဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။