နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော်

တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားပါတယ်။

“တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံအနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အပါအဝင် မြန်မာ့လက်ရွေးစင် ၄၁၂ ဦး တိုကို မွေးထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။