ကျောင်းသား၊ ကျောင်းသူ ၁၃ သိန်းကျော် လာရောက်အပ်နှံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို ယမန်နေ့ (မေလ ၂၃ ရက်) တွင် စတင် လက်ခံရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃ သိန်းကျော် (၁၃၄၃၀၃၇)ဦး လာရောက် ကျောင်းအပ်နှံခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ဇွန်လ ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီးကျောင်းလာအပ်သည် ကျောင်းသား/သူများအတွက် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ ထောက်ပံ့ပေးခဲ့သည်ဟုလည်း သိရသည်။