စစ်တွေမြို့သို မီးသတ်တပ်ဖွဲ့ဝင် (၁၃၁) ဦး ထပ်မံစေလွှတ်

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပိုမိုထိရောက်လျှင်မြန်စွာ စွမ်းအားဖြည့်ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင်အင်အား(၄၆)ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မီးသတ်တပ်ဖွဲ့ဝင် အင်အား(၃၅)ဦး၊ ပေါင်း(၈၁)ဦးသည် နေပြည်တော်အေလာလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို မွန်းလွဲ ၁ နာရီ ကျော်အချိန်တွင်လည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အား (၁၅)ဦး၊ မွန်ပြည်နယ်မှ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၃၅)ဦး၊ ပေါင်း (၅၀)ဦးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို မွန်းလွဲ ၁ နာရီ ကျော်အချိန်တွင်လည်းကောင်း စစ်တွေမြိုသို့ စုစုပေါင်းအင်အား (၁၃၁)ဦးတိုအား ထပ်မံစေလွှတ်ခဲ့ကြောင်း သိရပါတယ်။