တပ်မတော်အငြိမ်းစားလစာနှင့်ဆုကြေး

တပ်မတော်မှာ အငြိမ်းစားလစာနှင့် ဆုကြေးတွေအနေနဲ့က‌တော့
-စစ်မှူထမ်းသက်အငြိမ်းစားလစာ (သို့) စစ်မှုထမ်းသက်ဆုကြေး
-အငြိမ်းစားဆုကြေး
-မစွမ်းမသန်မှုအငြိမ်းစားလစာ
-အိမ်ထောင်စုဝင် သာမာန်အငြိမ်းစားလစာ
-အိမ်ထောင်စုဝင် အထူးအငြိမ်းစားလစာ
-သေဆုံးမှုဆုကြေး ဟုဆို၍ (၆) မျိုးရှိပါတယ်။
————————————-
ဒီ(၆)မျိုးအနက်မှ ရဲဝံ့စွန့်စားပြည်ချစ်သားအပလီကေးရှင်းတွင် မေးမြန်းထားသော အငြိမ်းစားပင်စင်လစာ တွက်ချက်နည်းအား ဖော်ပြလိုက်ရပါတယ် ခင်ဗျာ…..
အငြိမ်းစားပင်စင်လစာ တွက်ချက်နည်းအနေနဲ့
-စစ်သက်(၅)နှစ်မပြည့်လျှင် စစ်မှုထမ်းသက်ဆုကြေးတွက်ချက်ရာတွင် = စစ်မှုထမ်းသက်အား လစာနှင့်စရိတ်ဖြင့်မြှောက်ပါ။
-စစ်မှုထမ်းသက် (၅)နှစ်ပြည့်ပြီး (၁၀)နှစ်မပြည့်သူအနေနဲ့ -စစ်မှုထမ်းသက်ဆုကြေးတွက်ချက်ရာတွင် စစ်မှုထမ်းသက်အား လစာနှင့်စရိတ်ဖြင့်မြှောက်ပါ။ အငြိမ်းစားဆုကြေးတွက်ချက်ရာတွင် စစ်မှုထမ်းသက်အား လစာနှင့်စရိတ်
ဖြင့်‌မြာက်ကာ (၂) ဖြင့်စားပါက အငြိမ်းစား‌ဆုကြေးရရှိမှာဖြစ်ပါတယ်။
-စစ်မှုထမ်းသက်(၁၀) နှစ်ပြည့်ပြီး ဆက်လက်တာဝန်ထမ်းဆောင်နေသူများအနေဖြင့် အငြိမ်းစားဆုကြေးတွက်ချက်ရာတွင် စစ်မှုထမ်းသက်အား လစာနှင့်စရိတ်ဖြင့်မြှောက်ရမည်။ စစ်မှုထမ်းသက် အငြိမ်းစားလစာအားတွက်ချက်ရာတွင်
စစ်မှုထမ်းသက်အား လစာနှင့်စရိတ်ဖြင့် မြှောက်ကာ (၅၀) ဖြင့်စားရမည်။ ရလာသည့် အရေအတွက်ဟာ စစ်မှုထမ်းသက် အငြိမ်းစားလစာ(ပင်စင်လစာ)ပဲ ဖြစ်ပါတယ်။
-လစာနှင့်စရိတ်တွင် မူရင်းလစာ၊ နှစ်တိုးအပါအဝင် အိမ်ငှားစရိတ်၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ပါ ပါဝင်သည်။