မေလ ၂၁ရက်နေ့နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံး မုတ်သုံ၀င်မည်ဖြစ်ပြီး လေဖိအားနည်းရပ်၀န်းတစ်ကြိမ်ထပ်ဖြစ်နိုင်

အနောက်တောင်မုတ်သုံလေသည် မေလ (၂၁ – ၂၄)ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေလ (၂၅ – ၂၈)ရက်နေ့အတွင်း မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများသို့ လည်းကောင်း၊ မေလ (၂၉)ရက်နေ့မှ ဇွန်လ(၄)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီးဝင်ရောက်နိုင်ကြောင်း မိုးဇလမှ မေလ ၂၁ နေ့တွင်ထုတ်ပြန်ထားရှိကြောင်း သိရှိရပါသည်။