မေလ ၂၀ ရက်နေ့မှုခင်းသတင်းများ

-မေ လ ၁၉ ရက်နေ့ မနက် ၇ နာရီချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်တွင် နေထိုင်သော ဦးသန်းနိုင်နေအိမ်ရှေ့သို့ အကြမ်းဖက် ၂ဦးရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံးဖြင့်ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဦးသန်းနိုင်၏မိခင် ဒေါ်နီ (၆၇) နှစ်သည် မိုင်းစထိမှန်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး၊ ဒေါ်အေးအေးနွယ်မှာလည်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရရှိသူများကို မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရှိရ..

-မေလ ၁၉ ရက်နေ့မနက် ၉ နာရီချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာတွင်နေထိုင်သော ဦးမြင့်ဇော်(၅၅) နှစ်သည် နေအိမ်တွင် မိသားစုနှင့် အတူရှိနေစဉ် လက်လုပ်သေနတ်များကိုင်ဆောင်ထားသော အကြမ်းဖက်သမား ၅ ဦးရောက်ရှိလာပြီး ၎င်းတို့အား ထောက်ခံမှုမရှိသဖြင့် ဒလန်ဟုစွပ်စွဲကာ ဦးမြင့်ဇော်၊ ဇနီးဖြစ်သူ ဒေါ်သက်သက်မာနှင့် ကိုကျော်ဇောဝင်း တို့အား သတ်ဖြတ်ခဲ့သဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့-

-မေလ ၁၉ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာတွင် နေထိုင်သော ဦးဝင်ပျို(၅၂) နှစ် နှင့် ဇနီးဖြစ်သူ ဒေါ်သီတာတို့သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၃ ဦး ရောက်ရှိလာပြီးရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသဖြင့် ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သဖြင့်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်းသိရှိရ..

-မေလ ၁၉ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်ချိန်တွင် ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာတွင်နေထိုင်သော ပြည်သူ့စစ်အဖွဲ့ဝင် ဦးပြုံးနှင့် မိသားစု ၃ ဦး ၎င်းတို့၏လယ်တော၌ အလုပ်လုပ်နေစဉ် အကြမ်းဖက်သမား ၂၀ ဦးခန့်ရောက်ရှိလာပြီး ၎င်းတို့အား ဖမ်းဆီးစဉ် ဦးပြုံးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့်ပြန်လည် ရှင်းလင်းစဉ် ဇနီးဖြစ်သူနှင့် အမဖြစ်သူအားဖမ်းဆီးသွားခဲ့ပြီး နွား ၄ ကောင်ကိုပါ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။