မိချောင်းအန္တရာယ် သတိပြုကြပါ

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့အပိုင် သုံးဂွကြီး၊ ကျုံမှော်၊ ဆင်ကူး၊ ၂၅ ပေ နှင့် ပေ ၆၀ ဒရယ်ချို စသည့် ကျေးရွာ အနီးတစ်ဝိုက် နေသူများ သတိထားကြရန်လိုပါတယ်။ ယနေ့တွင် ပေ ၆၀ မှာ မိချောင်းပေါက် တစ်ကောင်ဖမ်းမိပါတယ်.။ အရှေ့ဆင်ကူး ရေတံခါးပေါက် ဖွင့်ထားသည့်အတွက် အဲ့ဒီရေတံခါး (သို့မဟုတ်) ဒရယ်ချို ချောင်းကနေလည်း ရေကြောင်းမှားဝင်သွားသည်လို့ ယူဆရပါတယ်။ ဒါကြောင့် အဆိုပါကျေးရွာအနီးတစ်ဝိုက်ရှိ ရွာသူရွာသားများ အထူးသတိထားကြရန် အသိပေးလိုက်ပါတယ်။ ကလေးငယ်များကို ရေထဲသို့ ရေဆင်းမချိုးကြပါစေနဲ့ခင်ဗျာ.။