လွိုင်ကော်မြို့နယ် NLD ပါတီဝင် အလုပ်အမှုဆောင် မြို့ပေါ် UG သတင်းပေးအား ဖမ်းဆီးရမိ

တပ်မတော်စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုတွေကို အကြမ်းဖက် UG တွေထံ သတင်းပေးနေတဲ့အပြင် အကြမ်းဖက်အုပ်စုတွေအတွက် အလှူပါခံပေးနေတဲ့ လွိင်ကော်မြိုနယ်က NLD အလုပ်အမှုဆောင် ခွန်းမောင်နော့ကို လွိုင်ကော်မြို့နယ်၊ ရေယိုကျေးရွာအနီးတွင် မေလ ၁၀ ရက်နေ့ ကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

၎င်းဟာ တပ်မတော်စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုတွေကို အကြမ်းဖက်တွေထံ သတင်းပေးပို့နေကြောင်း ပေါ်ပေါက်ခဲ့တဲ့အပြင် အကြမ်းဖက်လုပ်ရပ်တွေကို ကိုယ်တိုင်ကျူးလွန်ခဲ့ဖူးခြင်း၊ KNDF အကြမ်းဖက်အဖွဲ့အတွက် အလှူငွေများကောက်ခံပေးခြင်းနဲ့ ထောက်ပံ့ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်နေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။