မြန်မာနိုင်ငံဆိုင်ရာ သံရုံးကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံရ

AHA Centre မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံ သံရုံးတို့မှ ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူထိခိုက်မှုမရှိသော်လည်း လုံခြုံရေးတွေလိုက်ပါလာတဲ့ယာဉ်ကတော့ ကျည်တစ်ချို့ထိမှန်ခဲ့တဲ့ဖြစ်စဉ် မေလ ၇ ရက်နေ့မှာ ရှမ်းတောင်ဘက် ဆီဆိုင်မြို့အနီးမှာဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာကလည်း ပြစ်တင်ရှုတ်ချနေကြောင်းသိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကတော့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့အတွက် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation )ကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေကြောင်းသိရပါတယ်။