မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်မှုအဖြစ် စစ်တွေမြိုနှင့် ကျောက် ဖြူမြို့သို့ ဆေးဝါးများနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးပို့လာသည့် ဆေးဝါးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများတင်ဆောင်လာသော တပ်မတော်လေယာဥ်သည် ယနေ့ (မေလ ၁၀ ရက်)တွင် စစ်တွေလေဆိပ်နှင့် ကျောက်ဖြူလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပစ္စည်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက သတ်မှတ် သိုလှောင်ရုံများသို့ သယ်ယူရွေ့ပြောင်းပေးခဲ့ကြပြီး သက်ဆိုင်ရာမြိုနယ်များသို့ အမြန်ဆုံး ဆက်လက်ဖြန့်ဝေ ပေးပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။