ချောင်းဦးမြိုနယ်၊ ငါးယှန်ကျေးရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင် PDF များ ထောင်ထားသည့်မိုင်းများအား ဖော်ထုတ်ရှင်းလင်း

မေလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေး ပူးပေါင်းအဖွဲ့များသည် ချောင်းဦး-မြင်းမူသွားကားလမ်းတစ်လျှောက် ငါးယှန် ကျေးရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင် အကြမ်းဖက် PDF များက ခရီသွားပြည်သူများ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ထားသည့် လက်လုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ

  • လက်လုပ်မိုင်း –၁၅ လုံး
  • လက်လုပ် ၆၀ မမ စိန်ပြောင်း –၄ ခု
  • ဘတ္တရီအိုးအသေး —၆ လုံး
  • ဝါယာကြီုး —၁ ခွေတို့အား လုံခြုံရေးအဖွဲ့များမှ ထိခိုက်မှုမရှိဘဲ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။