ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာတွင် PDF အလောင်းနှင့်လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် PDF အကြမ်းဖက်သမားများက စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများဆုတ်ခါာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ-

  • PDF အလောင်း- ၁ လောင်း
  • လက်လုပ်စိန်ပြောင်း -၁ လက်
  • လက်လုပ်သေနတ် –၁ လက်
  • ရှော့တိုက်ဒုံးစင် -၁ ခု
  • ရှော့တိုက်လက်လုပ်ဗုံးသီး -၂၁ လုံး
  • လက်လုပ်မိုင်း -၂ လုံး
  • လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် သံချောင်း–၂၉ ချောင်း
  • အနက်ရောင် PDF လက်မောင်းတံဆိပ် -၁ ခု
  • လူနေတဲ -၁ လုံး
  • စားချက်ဆောင် -၁ လုံး
  • ကင်းစောင့်မျှော်စင် -၁ ခု
  • ပြောက်ကျားလည်တို ဖိနပ် -၂ ရံ
  • အရပ်စောင် -၁၀ ထည်
  • ခြင်ထောင် -၅ လုံး
  • ရေစုပ်စက် -၁ လုံး
  • ပိုက်ကျော်ခြင်း -၁ ကွင်း
  • ကျောက်စည်ဝိုင်း -၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက် PDF များအား လုံခြုံရေးအဖွဲ့ဝင်များမှ လိုက်လံရှင်းလျက်ရှိကြောင်း သိရှိရပါသည်။