တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်များ နိုင်ငံသုံးငွေဖြင့် ပေးချေရန် သဘောတူ


တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်တို့သည် စာရင်းရှင်ငွေလွှခြင်းနှင့် တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုကဲ့သို့သော နှစ်နိုင်ငံငွေကြေးလွှပြောင်းမှုများအတွက် ၎င်းတို၏နိုင်ငံသုံးငွေကြေးများဖြစ်ကြသည့် ကိုရီးယား ဝမ်နှင့် အင်ဒိုနီးရှား ရူပီးယာတို့ကို အသုံးပြုခြင်းမြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို ယနေ့ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဘဏ်အချင်းချင်း ငွေလွှဲရာတွင် ကိုရီးယားဝမ်နှင့် အင်ဒိုနီးရှားရူပီယာကြား တိုက်ရိုက်ငွေလဲနှုန်းကို ခွင့်ပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ၎င်းတို၏ ငွေပေးငွေယူကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ကန်ဒေါ်လာနှင့် နိုင်ငံသုံးငွေ ငွေလဲနှုန်း အပါအဝင် ငွေလဲနှုန်း အတက်အကျများကြောင့် ဆုံးရှုးမည့်‌အရေးများမှ လွတ်ကင်းစေမည်ဟု  ဗဟိုဘဏ် နှစ်ခု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားတယ်လို့သိရပါတယ်။