ယူကရိန်းစစ်ဖက်ကွပ်ကဲရေးစင်တာကို ရုရှားက ခရုစ်ဒုံးကျည်ဖြင့်ပစ်ခတ်

ရုရှားသည် ခါဆန်ဒေသရှိ ယူကရိန်းစစ်ဖက်ကွပ်ကဲရေးစင်တာကို ဧပြီလ ၂၈ ရက်နေ့တွင် ပင်လယ်အတွင်းမှ ခရုစ်ဒုံးကျည်ဖြင့်ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်းနှင့် ပစ်မှတ်အား တိတိကျကျထိမှန်ခဲ့ကြောင်း ရုရှားစစ်ဖက်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီးအိုင်ဂေါကိုနက်ရှက်ကန်ကော့ဗ်က ဧပြီလ ၂၉ ရက်နေ့၌ မီဒီယာများသိုပြောကြားခဲ့ကြောင်းသိရပါတယ်။