စစ်တွေဆိပ်ကမ်းကို မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်

အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုဖြင့် တည်ဆောက်ထားသော စစ်တွေရေနက်ဆိပ်ကမ်းကို လာမည့် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ရေကြောင်းဆိုင်ရာလုပ်ငန်းများစတင်လည်ပတ်ဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါ စစ်တွေရေနက်ဆိပ်ကမ်းသည် ကုလားတန်မြစ်ဝတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၁၂၀ သန်း အကုန်ခံကာတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ကုလားတန်မြစ် ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပိုဆောင်ရေးစီမံကိန်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်စေရန်အတွက် အဓိကအရေးပါမည်ဖြစ်ကြောင်း သိရပါတယ်.။