ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၀) ဦးတွေ့ ၁ ဦးသေဆုံး

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၈-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၁,၄၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၀) ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၁၄) ရာခိုင်နှုန်းရှိပါတယ် .။ ဧပြီလ ၂၉ ရက်နေ့မှာ COVID-19 ရောဂါဖြင့်သေဆုံးသူ (၁) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၂) ဦး ရှိကြောင်းသိရပါတယ်.။ ကိုဗစ်ရောဂါပိုးပြန်အစပျိုးလာပြီဖြစ်လို့ လက်ဆေးကြဖို့နဲ့ Mask တပ်ကြဖို့ သတိပေးလိုက်ပါတယ်.။