နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး တို့ အတွက်ကိုလည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထား မှာကြား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ် လှူဒါန်း ပြီး နဂါးနှစ်ကောင်ကျောင်းတိုက် လက်ထောက်ကျောင်းထိုင် ဆရာ တော် ဘဒ္ဒန္တ သုဓမ္မ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းရာ ဆရာတော်က ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။