သံဃာတော် ၁၁,၁၁၁ ပါး ဆွမ်းဆန်တော် လောင်းလှူပွဲအတွက် အလှူခံဌာန ဖွင့်လှစ်ထားသည့်အပြင် KBZ Pay ဖြင့် လှူဒါန်းနိုင်

မေလ ၂ ရက်နေ့မှာ ကျင်းပမည့် သံဃာတော် ၁၁,၁၁၁ ပါး ဆွမ်းဆန်တော် လောင်းလှူပွဲအတွက် ရွှေတိဂုံဘုရားနှင့် ပြည်သူရင်ပြင်၌ အလှူခံဌာန ဖွင့်လှစ်ထားသည့်အပြင် KBZ Pay ဖြင့် လှူဒါန်းနိုင်ကြောင်း သိရပါတယ်..။ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်မလှူနိုင်ကြတဲ့ အလှူရှင်များအတွက်လည်း KBZ Pay ဖြင့် လှူဒါန်းနိုင်ပြီဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော် နိုးဆော်လိုက်ပါတယ်..။