ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးနှင့် (ထပ်ဆောင်း) ကာကွယ်ဆေးများ ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများကို ဧပြီလ ၂၆ ရက် မနက် ၉ နာရီ အချိန်က ထမ္မရာဇ် ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ကာကွယ်ဆေးများအား မြိုနယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျှက်ရှိပါသည်။ အလားတူ ရခိုင်ပြည်နယ် မာန်အောင်မြိုနယ်၌လည်းကောင်း၊ ဂွမြို့နယ်၌လည်းကောင်း၊ စစ်တွေမြို့နယ်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster) ဆက် လက် ထိုးနှံပေးခြင်းကို သက်ဆိုင်ရာနေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရပါတယ်။