ဧပြီလ (၂၄)ရက်နေ့ တွေ့ရှိထူးခြား သတင်းများ

🟢 စစ်ကိုင်းတိုင်း ကသာမြို့ အမှတ်(၃)ရပ်ကွက်တွင် KIA/PDF များနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦးအား ဖမ်းဆီးရမိ။

🔸 ကန်ကြီးထောင့်မြို့ ဆပ်ကွင်းကျေးရွာ အထကကျောင်းဝန်းအတွင်း PDF အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ကာ ခြိမ်းခြောက် ငွေတောင်းစာပေးပို့။

🟢 ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော်သို့ ရောက်ရှိ။

🔸 မြိတ်မြို့ စည်ပင်ရုံးရှေ့တွင် ကားဗုံးပေါက်ကွဲပြီး နှစ်ဦးသေဆုံး။

🟢 မင်းလှမြို့နယ် ပရဆိုင်ကျေးရွာအနီးတွင် PDF များထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် မ-၁ ဦး ဒဏ်ရာများရရှိ။

🔸 ထီးချိုင့်မြို့နယ် ဝဲကြီးကျေးရွာအနီး အကြမ်းဖက် KIA/PDF များနှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာအနီး၊ မန္တလေး-မိုးကုတ် ကားလမ်း၌ ကွမ်းယာရောင်းချနေသည့် အမျိုးသမီးအား PDF များမှ ပစ်ခတ်သတ်ဖြတ်။

🔸 ဝက်လက်မြို့နယ် အောင်ချမ်းသာကျေးရွာအနီး PDF များနှင့် ပစ်ခတ်မှု ဖြစ်ပွားပြီး အကြမ်းဖက် ၁ လောင်းနှင့် သေနတ်-၃ လက်သိမ်းဆည်းရမိ။

🟢 မြင်းမူမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် PDF အကြမ်းဖက်များက ရေခဲချောင်းသည် အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်။

🔸 မကွေးတိုင်း ပေါက်မြို့နယ် ခေါင်းပေါက်ကျေးရွာအနီး အကြမ်းဖက် PDF ၅ လောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ။

🟢 မတ္တရာမြို့နယ် အရှေ့ခြမ်း ရွာသာယာ (ခ)အောင်ချမ်းသာရွာအနီး သွေးသောက်လည်ဆွဲနှင့် ကျား-၁ ဦး အလောင်းအားတွေ့ရှိ။

🔸 KTLA လက်အောက်ခံ Cobra စောဒါဘောအဖွဲ့မှ PDF ခေါင်းဆောင် ၂ ဦး BGF ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း။

🟢 စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ စံပြကျေးရွာတွင် PDF များနှင့် ပတ်သက်ဆက်နွယ်သူများ ဖမ်းဆီးရမိ။

🔸 မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံ-မြို့သာ ကားလမ်းတွင် PDF များ ထောင်ထားသော လက်လုပ်မိုင်းများအား ရှင်းလင်းသိမ်းဆည်းရမိ။

🟢 ရေစကြိုမြို့မဈေး ရဲစခန်းအနီး၌ ထန်းသီးမုန့် ရောင်းချနေသည့် အမျိုးသမီး ၂ ဦးအား PDF များမှ ဖမ်းဆီးကာ ၁ဦးအား ပစ်ခတ်သတ်ဖြတ်။

🔸 ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းအိမ်ရာအနီး AA လက်နက်ကိုင်အဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း။

🟢 ရန်ကုန်-ဒူဘိုင်း-ရန်ကုန် ခရီးစဉ် မေလ ၁ ရက်တွင် MAI လေကြောင်းလိုင်းမှ ပြန်လည်ပျံသန်းမည်ဖြစ်။

🔸 မကွေးတိုင်း ရေစကြိုမြို့နယ် ပညှင်းကျေးရွာအနီးတွင် PDF အကြမ်းဖက် ၂ ဦးအား ဖမ်းဆီးရမိ။

🟢 မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ V9 KTV တွင် စကားများ ရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပစ်ခတ်သူအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ။

🔸 တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ရဲဝန်ထမ်း (ငြိမ်း)အား အကြမ်းဖက် PDF များမှ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်။

🟢 အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ထိပ်သီးအစည်းအဝေးသို့ သီတဂူဆရာတော်ကြီး တက်ရောက်။

🔸 မင်းဘူးမြို့နယ် စကု – ရွှေစက်တော်သွားသည့် ၃ မိုင်လမ်းပေါ်ရှိ ထရမ်စဖော်မာအား အကြမ်းဖက် PDF များက ဖျက်ဆီးခဲ့ကြောင်း။

🟢 အင်းစိန်မြို့ CID ရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိ။

🔸 မိုင်းဖြတ်မြို့နယ်တွင် ဘုရားဖူယာဥ်တစ်စီး အရှိန်လွန်ကာ ချောက်ထဲထိုးကျ အမျိုးသမီး ၃ ဦး သေဆုံး။

🟢 ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာအနီး ဘုရားဖူးယာဉ် ၁စီး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ခရီသည်များ ထိခိုက်မှုမရှိ။

နိုင်ငံတကာသတင်းများ

🌍 ရွေးကောက်ပွဲရလဒ်များကိုလက်ခံသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာပြောကြား။

🌍 ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းတော့မည်ဖြစ်ကြောင်း ဒိန်းမတ် စစ်ဘက်ပြောကြား။

🌍 ထိုင်ဝမ်ရေလက်ကြားမှာ အီးယူသင်္ဘောတွေ ကင်းလှည့်သင့်တယ်လို အီးယူအကြီးအကဲပြောဆို။