မိုင်းဖုန်းဆရာတော်ကြီး ကျောက်တလုံးကြီးမြို့သို့ရောက်ရှိဒေသခံများအားတရားတော်များဟောကြား

မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏသံဝရ(သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာ အမ္မဌာနစရိယ)သည် သီပေါမြိုနယ်၊ နမ့်လန်ကျေးရွာမှ စောက်မြို့နယ်၊ ကျောက်ဆုံကျေးရွာ ရေတံခွန်အနီးတွင် တည်ထားကိုးကွယ်မည့်စေတီတော်၏ မြေနေရာသို့ ဧပြီလ ၂၃ ရက် ညနေ၄ နာရီတွင် ရောက်ရှိလာပြီး နိဗ္မာန်ရောက်ကြောင်း တရားတော် ဟောကြားခဲ့ရာ ဒေသခံပြည်သူ(၂၀၀)ဦးခန့်မှ တရားတော်နာယူခဲ့ကြောင်း သိရပြီး ကျောက်ဆုံ – ရပ်စောက် ကားလမ်းအတိုင်း ရပ်စောက်မြို့သို့ ရောက်ရှိလာခဲ့ရာ ဒေသခံပြည်သူ ၁၅၀၀ ဦးခန့်မှ ကြိုဆိုဖူးမြော်ခဲ့ကြပြီး ၆ နာရီခွဲတွင် ထွက်ခွာခဲ့ရာ ညပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ဦးအောင်ခမ်းထီ နေအိမ်သို့ ရောက်ရှိ၍ ပရိတ်သတ် ၅၀ ဦးအား တရားတော်များ ဟောကြားခြင်း၊ မေတ္တာပို့သခြင်း၊ သီလပေးခြင်းများပြုလုပ်ခဲ့ပြီး ည ၉ နာရီတွင် ဒုံအုံးရပ်ကွက်ရှိ မဟာဝံသဗုဒ္ဓကယာစေတီသို့ရောက်ရှိ၍ ပရိတ်သတ် ၅၀၀ ဦးခန့်အား တရားတော်များ ဟောကြားခြင်း၊ မေတ္တာ ပို့သခြင်းများအာ ပြုလုပ်ခဲ့ပြီး အဆိုပါ စေတီရှိ ဆရာတော် ကျောင်းဆေ့ာင်တွင် သီတင်းသုံး အနားယူလျက်ရှိရပါသည်။