MiG 29 တိုက်လေယာဉ် အားလုံး ယူကရိန်းကိုပေးလိုက်တဲ့ ဆလိုဗက်အစိုးရကို ရုရှားထပ်မံကန့်ကွက်

ဆိုဗီယက်လုပ် MiG 29 တိုက်လေယာဉ် ၁၃ စင်းစလုံး ယူကရိန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ဆလိုဗက် ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်လေယာဉ် ၄ စင်းကို ယူကရိန်း လေယာဉ်မှူးတွေကိုယ်တိုင် ဆလိုက်ဗက် လေတပ် အခြေစိုက်စခန်းကို လာရောက် လွှဲပြောင်းရယူသွားပြီး ကျန် ၉ စင်းကို ကုန်းကြောင်းက တဆင့် ပို့ပေးလိုက်တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေကို မူလပိုင်ရှင်ရုရှားရဲ့ ခွင့်ပြုချက်မရဘဲ တတိယနိုင်ငံကို လွှဲပြောင်းပေးတာဟာ တရားမဝင်သလို ယူကရိန်းလေယာဉ်မှူးတွေ ကိုယ်တိုင် လာရောက် ယူဆောင် မောင်းနှင်သွားတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်ထားပါတယ်။

Source: Airforce Technology