ရုရှားသမ္မတ ရုရှားနှင့် ပူးပေါင်းထားသည့် နယ်မြေများရှိ စစ်စခန်းများသို့သွားရောက်လေ့လာ

ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံနှင့် မကြာသေးမီက ပူးပေါင်းထားသည့် နယ်မြေများဖြစ်သည့် ခါဆန်ဒေသရှိ ညီးပါစစ်ဆင်ရေးအဖွဲ့ဌာနချုပ်သို့လည်းကောင်း၊ လူးဂန့်ဒေသ၊ အမျိုးသားအစောင့်တပ်ဖွဲ့၏ အရှေ့ပိုင်းကွပ်ကဲမှုဌာန ချုပ်သို့လည်းကောင်း သွားရောက်ကာ စစ်ဆင်ရေး ဆောင်ရွက်မှု အခြေအနေများကို လေ့လာသုံးသပ်ခဲ့ကြောင်း ရုရှားသမ္မတရုံးက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားပါတယ်..။

ယူကရိန်းဘက်အနောက်အုပ်စုက ထောက်ပံ့ထားသည့် အကြီးစားတင့်များ၊ သံချပ်ကာယာဉ်အသစ်များ ပါဝင်မည်ဟု ယူဆရသော တန်ပြန်တိုက်စစ်တစ်ခုကို ဖော်ဆောင်ရန်ပြင်ဆင်နေစဉ် ရုရှားသမ္မတက ယခုခရီးစဉ်ကို ရုတ်တရက်သွားရောက်ခြင်းဖြစ်ပြီး ယူကရိန်းဝန်ကြီးချုပ်ကလည်း ၎င်းတို့အနေဖြင့် စစ်ဆင်ရေးကို များမကြာမီကာလအတွင်း စတင်သွားမည်ဟု ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်..။