နှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များမှ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ကျင်းပပြုလုပ်ရာ ကန်တော့ခံသက်ကြီး အဘိုး ၉ ဦး၊ အဘွား ၂၉ ဦး၊စုစုပေါင်း ၃၈ဦးတို့အား ၎င်းအဘွားတစ်ဦးမှ နှစ်သစ်ကူးဆုတောင်းမေတ္တာများ ပို့သပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွား များအား . အာဟာရဖြည့်စားသောက်ဖွယ်ရာများ . ဒါနပြုကျွေးမွေးလှူဒါန်းခြင်း၊ လက်သည်း၊ ခြေသည်းများညှပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ငါးကောင်ရေ(၁၁၀၀၀) အားဇီဝိတဒါန ငါးလွှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။